~~~ယနေ့ရောက်လာမိတ်ဆွေသဟာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ~~~

17 October 2010

အက်တမ် သမိုင်းကြောင်း

  Leucippus (early 5th century of BC)           





Democritus (BC 460- BC  370)



                   
           
                အက်တမ်ဟူသော ဝေါဟာရသည် ဘီစီ ၅ ရာစုကတည်းက ဂရိတွေးခေါ်ပညာရှင် ဒီမိုကရစ် (Democritus) မှစတင်ခဲ့သည်။ ဒီမိုကရစ်၏ ဆရာဖြစ်သူ ဂရိတွေးခေါ်ပညာရှင် လျူစီပက် (Leucippus) က အရာဝတ္တုတစ်ခုကို အထပ်ထပ် ခွဲခြမ်းလိုက်သောအခါ သေးငယ်သော အစိတ်အပိုင်းတစ်ခုကို ရရှိမည် ၊ ၎င်းသေးငယ်သော အစိတ်အပိုင်းလေးကို ထပ်မံ၍ ခွဲစိတ်မည်ဆိုပါက နောက်ဆုံးတွင် ထပ်မံခွဲစိပ်၍ မရနိုင်သော အသေးငယ်ဆုံးသော အစိပ်အပိုင်းလေးတစ်ခုကို ရရှိနိုင်မည်ဟု စဉ်းစားခဲ့သည်။ နောက်ပိုင်း တွင် ဒီမိုကရစ်က ၎င်းထပ်မံခွဲစိပ်၍မရသော အလွန်သေးငယ်သော အစိပ်အပိုင်းလေးကို အက်တမ် ဟုအမည်ပေးခဲ့သည်။ ဂရိဘာသာစကား အက်တမ်မော့စ် (atomos) ထပ်မံခွဲစိပ်၍ မရဟု အဓိပ္ပါယ် ရသည်။ ထိုအချိန်အခါက လက်တွေ့စမ်းသပ်မူ့များ (experiments) မရှိခဲ့သောကြောင့် အက်တမ် ဟူသော ဝေါဟာရသာ ပေါ်ပေါက် ခဲ့ပြီး အက်တမ်တစ်လုံး၏ တည်ဆောက်ပုံကို ပုံဖော်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။
            
     အက်တမ်ဟူသောဝေါဟာရပေါ်ပေါက်ပြီး နှစ် ၂၀၀၀ ကျော်အကြာတွင် အင်္ဂလိပ် ဓါတုဗေဒ ပညာရှင် Jhon Dalton  က အက်တမ်ဆိုင်ရာ သီအိုရီ (Atomic Theory )တစ်ခုကို ထုတ်ဝေခဲ့သည်။ Dalton ၏ atomic theory အရ

Jhon Dalton (1766-1844)
၁) အရာဝတ္တုတိုင်းကို အက်တမ်များဖြင့် ဖွဲ့စည်းထားသည်။          အက်တမ်များကို ထပ်မံခွဲစိပ်၍မရ။
၂) ဒြပ်စင်တစ်ခုတွင် ဖွဲ့စည်းထားသော အက်တမ်အချင်းချင်း ဂုဏ်သတ္တိများ  ထပ်တူကျသည်။ ဒြပ်စင်မတူလျှင် ဖွဲ့စည်းထား သောအက်တမ်များ၏ ဂုဏ်သတ္တိများလည်း မတူညီပါ။
 ၃) မတူညီသော အက်တမ်များပေါင်းစပ်ခြင်းအားဖြင့် ဒြပ်ပေါင်း    များဖြစ်ပေါ်နိုင်သည်။
၎) ဓါတုဓါတ်ပြုခြင်း( chemical reaction) ဆိုသည်မှာ အက်တမ်များ၏ အစီအစဉ် ပြောင်းလဲ သွားခြင်း(rearrangement) သာဖြစ်သည်။ ဆိုလိုသည်မှာ ဓါတုဓါတ်ပြုခြင်းများတွင် မည့်သည့် အက်တမ်မှ ပျောက်ဆုံးသွားခြင်းမရှိပါ။ Dalton ၏ atomic theory သည် ယခုအချိန်အထိ သိပ္ပံပညာရှင်များ လက်ခံကြသော သီအိုရီ တစ်ခုဖြစ်သည်။ Dalton သည် အက်တမ်များ၏ သဘောသဘာဝကို ရှင်းလင်းစွာ ဖော်ပြ နိုင်ခဲ့သော်လည်း အမ်တမ်များ၏ တည်ဆောက်ပုံကို ပုံဖော်နိုင်ခြင်းမရှိခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် ထိုအချိန်အထိ အက်တမ်များကိုဖွဲ့ စည်းထားသော အီလက်ထရွန်၊ ပရိုတွန်၊ နူထရွန် စသော အခြေခံအမှုန်များကို စူးစမ်းရှာဖွေ  နိုင်ခြင်းမရှိသေး သောကြောင့်ဖြစ်သည်။



           J.J Thomson (1856-1940)              
J.J Thomson ၏အက်တမ်ပုံစံ
                                     
    



 ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှရူပဗေဒပညာရှင် ဂျေဂျေသော်မဆင် (Joseph John “J.J Thomson) က အီလက်ထရွန်ကို စမ်းသပ်ရှာဖွေနိုင်ခဲ့သည်။ ၎င်းရှာဖွေတွေ့ရှိမှု့ကြောင့် သော်မဆင်သည် ၁၉၀၆ တွင် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့သည်။ အီလက်ထရွန်သည် ဓါတ်မသတ္တိ (negative charge) ဆောင်သည်။ ထို့ကြောင့် အက်တမ်ထဲတွင် ဓါတ်မသတ္တိဆောင်သော အီလက်ထရွန်များကို အပြန် အလှန် ဆွဲအား သက်ရောက်ခြင်း အားဖြင့် ထိန်းသိမ်းထားရန်အတွက် ဓါတ်ဖိုသတ္တိ (positive charge) ဆောင်သာ အမှုန်များလည်းရှိရမည်ဟု သော်မဆင်ကယူဆသည်။ နောက်ပိုင်းတွင် ၎င်းအဖိုဓါတ်ဆောင်သော အမှုန်များကို ပ၇ိုတွန် (protons) ဟုအမည်ပေးခဲ့ကြသည်။အက်တမ်ထဲတွင် အဖိုဓါတ်ဆောင်သော ပရိုတွန်နှင့် အမဓါတ် ဆောင်သော အီလက်ထရွန်တို့သည် အရေအတွက်တူညီစွာ ပါဝင်ဖွဲ့စည်း နေကြသည်။ အဖိုဓါတ် နှင့်အမဓါတ် ညီမျှနေသောကြောင့် အက်တမ်တစ်ခုလုံးသည် (neutral) ဓါတ်ပြယ်နေသည်။ သော်မဆင်သည် အက်တမ် တစ်လုံး၏ပုံသဏ္ဌာန်ကို စပျစ်သီးခြောက်များ မြုတ်ထားသော ကိတ်မုန့်တစ်လုံးနှုင့် ဥပမာပေး ခိုင်းနိုင်း ထားသည်။ ကိတ်မုန့်သည် အက်တမ် စပျစ်သီးခြောက်များကို အီလက်ထရွန်များဟု ယူဆပါ။အက်တမ်၏ ဓါတ်ဖိုသတ္တိ ဆောင်သော နေရာများတွင် ဓါတ်မသတ္တိဆောင်သော အီလက်ထရွန်များ ကပ်ငြိနေခြင်းဖြစ် ကြောင်း သော်မဆင်က ဆိုလိုခြင်းဖြစ်သည်။ သော်မဆင်သည် အက်တမ်အတွင်းတွင် အီလက်ထရွန် နှုင့် ပရိုတွန်များ တည်ရှိနေမူ့ကို အဆိုပြုနိုင်ခဲ့သည်။

         Ernest Rutherford (1871-1937)          
Rutherford ၏ အက်တမ်ပုံစံ



 ယခုလက်ရှိအချိန်တွင် သိပ္ပံပညာရှင်များ လက်ခံထားသော အက်တမ်၏တည်ဆောက်ပုံကို ၁၉၁၁ တွင် ဗြိတိသျှ ရူပဗေဒပညာရှင် ရူသာဖို့ဒ် (Ernest Rutherford) က အစပျိုးခဲ့သည်။ရူသာဖို့ဒ် ၏ အဆိုအရ အက်တမ်တစ်လုံး၏ အလယ်တွင် အလွန်သေးငယ်ပြီး သည်းသည်းဆရှိသော (အလေးချိန်ရှိသော) အဖိုဓါတ်ဆောင် နူကလိယ (nucleus ) ရှိသည်။ နူကလိယ၏ အဖိုဓါတ်သည် ၎င်းအတွင်းတွင် ပါဝင်ဖွဲ့စည်းထားသော ပရိုတွန်၏ အဖိုဓါတ်ပင်ဖြစ်သည်။ နူကလိယ၏ပတ်လည်တွင် အမဓါတ် ဆောင်သော အီလက်ထရွန်များက အကွာအဝေးတစ်ခုမှ နူကလိယကိုဗဟိုထား၍ လှည့်ပတ် နေကြသည်။ နူကလိယကို အီလက်ထရွန်များလှည့်ပတ်နေပုံကို စကြာဝဠာ နေအဖွဲ့အစည်းတွင် နေကို အခြားဂြိုလ်များ လှည့်ပတ်ပုံနှင့် ဥပမာပေး ခိုင်းနိုင်းထားသည်။နေအဖွဲ့အစည်းတွင် gravity ဟုခေါ်သော ဆွဲအားဖြင့် ဂြိုလ်များက နေကိုလှည့်ပတ်နေသကဲ့သို့ Coulomb force ဖြင့် နူကလိယကို အီလက်ထရွန်များ လှည့်ပတ်နေသည်။ gravity နှင့် coulomb force ကွာခြားသည့်အချက်မှာ gravity သည်ဆွဲအား တစ်မျိုးသာရှိပြီး coulomb force မှာ ဓါတ်ရှိသော အမူန်များ(positive or negative charges particles) ကြားတွင်ဖြစ်ပွားပြီး အမှုန်သဘာဝ ပေါ်မူတည်၍ တွန်းအား၊ဆွဲအား နှစ်မျိုးလုံးဖြစ်ပွားနိုင်သည်။ နူကလိယ နှင့် အီလက်ထရွန်ကြားတွင် မျိုးမတူသောကြောင့် (positive & negative charges) ဆွဲအားသက်ရောက်သည်။ အီလက်ထရွန် အချင်းချင်းဆိုလျှင် မျိုးတူသောကြောင့် (negative & negative charges) တွန်းအားသက်ရောက်မည်ဖြစ် သည်။ ရူသာဖို့ဒ်၏ အက်တမ်တည်ဆောက်ပုံနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ လက်မခံနိုင်သော အချက်တစ်ချက်ရှိသည်။ ၎င်းအချက်မှာ အကယ်၍ အရာဝတ္တုတစ်ခု ရွေ့လျားနေမည်ဆိုလျှင် ထိုအရာဝတ္တုမှ စွမ်းအင်များဆုံးရူံးမည်။ ဥပမာ ရပ်နေသော လူတစ်ယောက်နဲ့ ပြေးနေသော လူတစ်ယောက် နိုင်းယှဉ် ကြည့်လျှင် ပြေးနေသောလူက စွမ်းအင်များ ဆုံးရူံးနေမည်။ ရူသာဖို့ဒ်၏ အဆိုအရ အီလက်ထရွန် သည် နူကလိယကို အဆက်မပြက် လှည့်ပတ်နေသောကြောင့် စွမ်းအင်များ  အဆက်မပြက်ဆုံးရူံးနေပြီး နူကလိယ ရှိရာသို့ တဖြည်းဖြည်းကျ လာမည်။ နောက်ဆုံးတွင် အီလက်ထရွန်များ နူကလိယထဲသို့ ကျသွားပြီး အမ်တမ် လည်း ယို့ယွင်းပျက်စီး သွားမည်ဖြစ်သည်။ အက်တမ်မရှိလျှင် အရာဝတ္တုပစ္စည်းများလည်း ရှိမည်မဟုတ်။ ဤသို့ဆိုလျှင် အီလက်ထရွန်များ စွမ်းအင်ဆုံးရူံးပြီး နူကလိယထဲကျမသွားအောင် (တနည်းအားဖြင့်) အက်တမ်များ ယို့ယွင်းပျက်စီး မသွားအောင် ဘယ်အရာက တားဆီးထားသနည်း ?

ဤမေးခွန်းကို ဒိန်းမက်နိုင်ငံသား Niles Bohr က ဖြေဆိုခဲ့သည်။Bohr ၏ အဖြေမှာ

၁) အီလက်ထရွန်တွေဟာ သက်မှတ်ထားသော လမ်းကြောင်းများဖြင့်သာ နူကလိယကို လှည့်ပတ်နိုင်သည်။ အီလက်ထရွန်ပတ်လမ်း တစ်ခုချင်းစီတွင် တိကျသောစွမ်းအင်ပမာဏရှိသည်။ ဆိုလိုသည်မှာ ပတ်လမ်းတစ်ခု စီမှာရှိသော စွမ်းအင်သည် တိုးသွားခြင်း ၊ လျော့သွားခြင်းမရှိ ကိန်းသေသာဖြစ်သည်။

၂) အီလက်ထရွန်သည် စွမ်းအင်များကို အဆက်မပျက်ထုတ်လွှတ်နေခြင်းမဟုတ်။ စွမ်းအင်မြင့်သော အီလက်ထရွန်ပတ်လမ်းတစ်ခုမှ ၎င်းထက်စွမ်းအင်နိမ့်သော ပတ်လမ်းသို့ အီလက်ထရွန်ကူးပြောင်းသည့် အခါတွင်သာ စွမ်းအင်ကို အလင်းအဖြစ်ထုတ်လွှတ်ခြင်းဖြစ်သည်။
     
     ထိုအလင်းအဖြစ်ထုတ်လွှတ်သော စွမ်းအင်ကို ဘယ်ကရသလဲဟု မေးစရာရှိသည်။ အီလက်ထရွန်သည် စွမ်းအင်အတိအကျရှိသော ပတ်လမ်းများဖြင့် နူကလိယကို လှည့်ပတ်နေခြင်းဖြစ်ကြောင်း Bohr က ပြောခဲ့ ပြီးဖြစ်သည်။ နူကလိယ နှင့်အနီးဆုံးမှာရှိသော အီလက်ထရွန်ပတ်လမ်းသည် စွမ်းအင်ပမာဏ အနည်းဆုံး ဖြစ်သည်။ နူကလိယနှင့်ဝေးလာသည်နှင့်အမျှ အီလက်ထရွန်ပတ်လမ်းမှာရှိသော စွမ်းအင်ပမာဏလည်း တဖြည်းဖြည်း မြင့်မားလာသည်။ နူကလိယနဲ့အဝေးဆုံးမှာရှိသော တနည်းအားဖြင့် အပြင်ဘက်ဆုံးမှာရှိသော အီလက်ထ ရွန် ပတ်လမ်းသည် စွမ်းအင်ပမာန အများဆုံးဖြစ်သည်။ ဥပမာ နူကလိယနှင့် အနီးဆုံးပတ်လမ်း မှာရှိသော စွမ်းအင်သည် 3ev (ev = electron volt) ရှိသည်ထားပါစို့။ ၎င်း ပတ်လမ်းနှင့်ကပ်လျက် စွမ်းအင်မြင့်သော ပတ်လမ်းတွင် 5 ev ရှိသည်ဟု ယူဆကြည့်မည်။ (ဥပမာပေးခြင်းသာဖြစ်သည်) ၎င်းပတ်လမ်းနှစ်ခု၏ စွမ်းအင်ခြားနားခြင်းသည် 2 ev ဖြစ်သည်။ ထိုစွမ်းအင်ခြားနားချက် 2ev သည် ၎င်းပတ်လမ်းနှစ်ခုအတွင်း အီလက်ထရွန် အပြောင်းအရွေ့ လုပ် သောအခါ အလင်းအဖြစ်ထုတ်လွှတ်သော စွမ်းအင်ပမာဏပင်ဖြစ်သည်။
အက်တမ်ဆိုင်ရာယူဆချက်များတွင် Bhor ၏ ယူဆချက်များမှာ အခြေခံအကျဆုံးဖြစ်သည်။     
                                                    

Niles Bhor (1885-1962)   


                                                                                               Bohr ၏အက်တမ်ပုံစံ            


James Chadwick (1891-1974)
ရူသာဖို့ဒ်လက်ထက်အထိ အမ်တမ်များကို အခြေခံအမူန်နှစ်မျိုး (ပရိုတွန် နှင့် အီလက်ထရွန်) ဖြင့်ဖွဲ့စည်းထားသည်ဟု ယူဆခဲ့ကြသည်။ ပရိုတွန် သည် နူကလိယထဲတွင် တည်ရှိပြီး အီလက်ထရွန်က နူကလိယပြင်ပမှ လှည့်ပတ်နေသည်။ သို့သော် ပရိုတွန်သည် အဖိုဓါတ်ဆောင်သော ကြောင့် နူကလိယ ထဲတွင် ပရိုတွန်တစ်လုံးထဲဆိုလျှင် ကိစ္စမရှိ။ အကယ်၍ ပရိုတွန်တစ်လုံးထက်ပိုလာလျှင် အဖိုဓါတ်ဆောင်သော ပရိုတွန်အချင်းချင်း တွန်းကန်ကြမည်။ ပရိုတွန်အရေအတွက် များလာသည်နှင့်အမျှအချင်းချင်း တွန်းကန် အားလည်းများလာမည်။ တွန်းကန်အား များလာလျှင် အက်တမ် သည်လည်း တည်မြဲမည် မဟုတ်။ ၎င်းပြသနာကို အဖြေရှာခဲ့သူမှာ အင်္ဂလိပ်ရူပဗေဒပညာရှင် James Chadwick ဖြစ်သည်။ဂျိမ်းစ်က နူကလိယ ထဲတွင် ပရိုတွန်အချင်းချင်းတွန်းကန်နေမူ့ကို လျော့ချဖို့အတွက် နောက်ထပ် ဓါတ်မဲ့ (no charge) အမူန်တစ်မျိုးပါဝင်ဖွဲ့စည်းနေသည်ဟု ၁၉၃၂ ခုနှစ်တွင် အဆိုပြုခဲ့သည်။ ၎င်းဓါတ်မဲ့အမူန်ကို နူထရွန် (neutron) ဟုအမည်ပေးခဲ့သည်။ နူထရွန်သည် ပရိုတွန်ထက် အလေးချိန် အနည်းငယ်ပိုသည်။ အခြေခံအမူန်သုံးမျိုး (အီလက်ထရွန်၊ပရိုတွန်၊နူထရွန်) တွင် အီလက်ထရွန်သည် အပေါ့ဆုံးဖြစ်သည်။ နူထရွန်၊ပရွန်တွန်တို့နှင့်နိုင်းယှဉ်လျှင် အီလက်ထရွန်သည် အဆ၂၀၀၀နီးပါး ပို၍ ပေါ့သည်။ နူကလိယ ထဲ တွင် အလေးချိန်ရှိသော အမူန်များ (ပရိုတွန်နှင့်နူထရွန်) ပါဝင်ဖွဲ့စည်း နေသောကြောင့် အက်တမ်တစ်ခုလုံး၏ အလေးချိန်စုဝေးရာနေရာသည် နူကလိယပင် ဖြစ်သည်။ တနည်းအားဖြင့် နူကလိယ ၏ အလေးချိန်သည် အက်တမ်တစ်ခုလုံး၏ အလေးချိန်ပင်ဖြစ်သည်။ ဥပမာ ဟီလီယံအက်တမ် 2He4 တွင် “2” သည် အက်တမ်အမှတ်စဉ်(atomic number) ၊ “4” သည် ဟီလီယံအက်တမ်၏ အလေးချိန် (atomic mass) ဖြစ်သည်။ အက်တမ်အမှတ်စဉ်သည် ပရိုတွန်နှင့် အီလက်ထရွန်အရေအတွက်ကို ကိုယ်စားပြု၍ အက်တမ် အလေးချိန်သည် ပရိုတွန်နှင့်နူထရွန် အတူတကွပါဝင်ဖွဲ့စည်းထားသော နူကလိယ၏ အလေးချိန် ပင်ဖြစ်သည်။
 


Notes: Mass of proton=1.6726 x 10-27 kg  or  1 amu (atomic mass unit)
           Mass of neutron=1.6749 x 10-27kg or  1 amu
           Mass of electron=9.11 x 10-31kg or  1/1840 amu
           1amu=1.6 x10-7 kg  or  931 MeV
           အီလက်ထရွန် ရှာဖွေတွေ့ရှိသူ - J.J. Thomson   (တွေ့ရှိသည့်ခုနှစ်=၁၈၉၇)
           နူကလိယ ရှာဖွေတွေ့ရှိသူ - Ernest Rutherford  (တွေ့ရှိသည့်ခုနှစ်=၁၉၁၁)
           နူထရွန် ရှာဖွေတွေ့ရှိသူ - James Chadwick       (တွေ့ရှိသည့်ခုနှစ်=၁၉၃၂)
ပရိုတွန်ကို အဖိုဓါတ်ဆောင်သောအမှုန်အဖြစ် Thomson ကစတင်အဆိုပြုခဲ့ပြီး Rutherford       လက်ထက်တွင် ပရိုတွန်ဟု အမည်ပေးခဲ့သည်။
                                                                     

 



                                                   
     

30 September 2010

atoms,bonding and structure

ဓါတုဗေဒ အခြေခံ သဘောတရားလေးများကို testing လုပ်သော ဆော့လ်ဝဲလေး ဖြစ်ပါတယ်။ဓါတုဗေဒကို စတင်လေ့လာမဲ့သူများ သာမက လေ့လာနေဆဲသူများအတွက်ပါ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

ဒေါင်းလော့ယူရန် link 1
                            link 2
မှက်ချက်- ရက် 30 trail version ဖြစ်ပါတယ်။

26 September 2010

Nuclear stability

Nucleus ထဲတွင် ပရိုတွန် နှင့် နူထရွန် ဟူသော အမူန်နှစ်မျိုး ပါဝင်ဖွဲ့စည်းထားပါသည်။၎င်း အမူန်နှစ်မျိုးကို nucleons ဟုခေါ်ပါသည်။ nucleusများ အဘယ့်ကြောင့် မတည်မြဲရသနည်း? အဘယ့်ကြောင့်ဆိုသော် nucleus ထဲ၌ ဖွဲ့စည်းထားသော nucleons နှစ်မျိုးမှ ပရိုတွန် (သို့) နူထရွန် အရေအတွက်များလွန်းနေသည့်အခါ nucleus အတွင်းမှ ရေဒီယိုသတ္တိကြွ အမူန်များ (radioactive particles-အယ်လ်ဖာ၊ဘီတာ) သို့မဟုတ် ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည်(radioactive rays-ဂါမာရောင်ခြည်) များထုတ်လွှတ်ခြင်းအားဖြင့် ပျက်ဆီးယို့ယွင်းခြင်း ဖြစ်ပွားပါသည်။ ထိုသို့ ပျက်စီး ယိုယွင်းခြင်းကို ရေဒီယိုသတ္တိကြွ ပျက်စီးယိုယွင်းခြင်း (radioactive decay ) ဟုခေါ်ပါသည်။ ထို့ကြောင့် nucleus များမတည်မြဲခြင်းသည် ရေဒီယိုသတ္တိကြွခြင်းနှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။ မတည်မြဲသော nucleus များတွင်သာ ရေဒီယိုသတ္တိကြွမူ့ ဖြစ်ပွားနိုင်သည်။ တည်မြဲသော nucleus များတွင် ရေဒီယိုသတ္တိကြွမူ့ ဖြစ်ပွားခြင်းမရှိပါ။ ပို၍တည်မြဲလေလေ ရေဒီယိုသတ္တိကြွမှု့နည်းလေလေဖြစ်သည်။

           unstable nucleus=radioactive
             stable nucleus=non-radioactive

ဤသို့ဆိုလျှင် nucleus များ၏ တည်မြဲနိုင်မူ့ (nuclear stability) သည် ၎င်းတို့ထဲတွင် ပါဝင်ဖွဲ့စည်းထားသော ပရိုတွန်နှင့် နူထရွန်တို့၏ အရေအတွက်အပေါ်တွင် အဓိက မူတည်နေသည်ဟု ယူဆနိုင်ပါသည်။ နူထရွန်/ပရိုတွန် တို့၏ အရေအတွက် အချိုးကိုကြည့်ပြီး nucleus များ၏ တည်မြဲနိုင်မူ့ (nuclear stability) ကို တွက်ဆနိုင်သလို ၎င်း nucleus များတွင် ဖြစ်ပွားသော decay အမျိုးအစားများကိုလည်း ခွဲခြားသိရှိနိုင်သည်။ 


      ပုံတွင် nucleus ထဲတွင်ရှိသော ပရိုတွန်နှင့်နူထရွန် အရေအတွက်တို့ကို graphဆွဲထားခြင်း ဖြစ်ပါသည်။
အထက်ပါပုံတွင် အနီရောင်မျဉ်းသည် တည်မြဲဇုံ (stable zone) ဖြစ်ပါသည်။ တည်မြဲဇုံ တလျှောက်တွင် ရှိသော nucleus များသည် ရေဒီယိုသတ္တိကြွမှု့မရှိသော stable nucleus များဖြစ်ပါသည်။ တည်မြဲဇုံ၏ ဘယ်ဘက်တွင် နူထရွန်အရေအတွက်များသော nucleus များတည်ရှိပြီး βdecay ဖြစ်စဉ်ဖြစ်ပွားပါသည်။ တည်မြဲဇုံ၏ ညာဘက်တွင် ပရိုတွန်အရေအတွက်များသော nucleus များတည်ရှိပြီး အီလက်ထရွန်ဖမ်းယူခြင်း (electron capture) သို့မဟုတ် β+ decay (positron emission) ဖြစ်စဉ်ဖြစ်ပွားပါသည်။ အက်တမ်အမှတ်စဉ်  83 ထက်ကျော်လွန်သော(atomic number>83) nucleus များတွင် ယေဘူယျအားဖြင့် alpha decay ဖြစ်စဉ်ဖြစ်ပွားပါသည်။အက်တမ်အမှတ်စဉ် 20 အောက်ငယ်သော nucleus များ ( ဟိုက်ဒရိုဂျင်မှ ကယ်လ်ဆီယမ်အထိ) ၏ တည်မြဲအမှတ်သည် “1” အနီးတွင်သာရှိသည်။ ၎င်း nucleus များအတွက် နူထရွန်/ပရိုတွန် အချိုးသည် “1”ထက်ကြီးလျှင် သို့မဟုတ် “1”ထက်ငယ်လျှင် မတည်မြဲသော nucleus များဖြစ်ပြီး ရေဒီယိုသတ္တိကြွခြင်းများ ဖြစ်ပွား နိုင်ပါသည်။


          6C12               6C14                                  5B10                  5B9
  Neutron=6        neutron=8                        neutron=5          neutron=4
   Proton=6          proton=6                          proton=5            proton=5
      n/p=6/6            n/p=8/6                            n/p=5/5               n/p=4/5
            =1                =1.3                                    =1                     =0.8
       (stable)              (radioactive)                      (stable)            (radioactive)     


အက်တမ်အမှတ်စဉ် မြင့်မားလာသည်နှင့်အမျှ တစ်နည်းအားဖြင့် nucleus အရွယ်အစားကြီး လာသည် နှင့်အမျှ နူထရွန်/ပရိုတွန် အချိုးလည်း မြင့်မားလာသည်။ အက်တမ်အမှတ်စဉ်မြင့်မားသော nucleus (heavy nucleus) များအတွက် တည်မြဲအမှတ်သည် “1.6” ဟုသက်မှတ်ထားပါသည်။သို့သော် အလှည့်မှန်ဇယား (periodic table) တွင် အက်တမ်အမှတ်စဉ် 83 (Bi) ၏နောက်တွင်ရှိသော ဒြပ်စင်အားလုံးသည်း ရေဒီယိုသတ္တိကြွဒြပ်စင်များဖြစ်ပြီး ၎င်းတို့အားလုံးတွင် မည်သည့် stable nucleus မှ မရှိပါ။

          Nucleus များ၏ တည်မြဲနိုင်မူ့ကို တခြားရိုးရှင်းသော နည်းလမ်းများဖြင့်လည်း ခန့်မှန်း တွက်ချက် နိုင်သည်။ ၎င်းနည်းလမ်းများမှာ

1)    နူထရွန် နှင့် ပရိုတွန်အရေအတွက်များကို စုံ  နှင့် မ(even and odd) ခွဲခြား၍ nucleus များ၏ တည်မြဲနိုင်မူ့ကိုခန့်မှန်းတွက်ချက်ခြင်း။
2)    2 , 8, 20, 28, 50, 82, 126 စသော ကိန်းဂဏန်းများဖြင့် တည်မြဲသော nucleus များကို သက်မှတ်ထားခြင်း။


ပရိုတွန်           နူထရွန်                   တည်မြဲသော nucleus အရေအတွက်               တည်မြဲနိုင်မှု့
  မ                 မ                                       4                                               အနည်းဆုံး
  မ                 စုံ                                      50
  စုံ                 မ                                      57    
  စုံ                 စုံ                                    168                                               အများဆုံး


အထက်ပါဇယားတွင် တည်မြဲသော nucleus ပေါင်း 279 မျိုးရှိသည့်အနက် ပရိုတွန်၊နူထရွန် အရေအတွက်နှစ်မျိုးစလုံး “မမ” ဖြစ်သော တည်မြဲသော nucleus အမျိုးအစား 4 မျိုးသာရှိပြီး ပရိုတွန်၊နူထရွန် အရေအတွက်နှစ်မျိုးစလုံး “စုံစုံ” ဖြစ်သော တည်မြဲသော nucleus အမျိုးအစားမှာ 168 မျိုးရှိပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပရိုတွန်၊နူထရွန် အရေအတွက် နှစ်မျိုးစလုံး “မမ” ဖြစ်သော nucleus များသည် တည်မြဲနိုင်မူ့ အနည်းဆုံးဖြစ်၍ ပရိုတွန်၊နူထရွန် အရေအတွက် နှစ်မျိုးစလုံး “စုံစုံ” ဖြစ်သော nucleus များသည် တည်မြဲနိုင်မူ့အများဆုံးဖြစ်ကြောင်း သိရှိနိုင်ပါသည်။အလွယ်နည်းဖြင့် တည်မြဲနိုင်မူ့ အနည်းဆုံးမှ အများဆုံးသို့ (မမ၊မစုံ၊စုံမ၊စုံစုံ) ဟု မှတ်သားနိုင်ပါသည်။
        
     Nucleus များ၏တည်မြဲနိုင်မှု့(nuclear stability)
          မမ < မစုံ< စုံမ < စုံစုံ


ဥပမာ- အထက်ပါ “စုံမ” နည်းအရ အောက်ပါအိုင်ဆိုတုပ်များတွင် မည်သည့်အိုင်ဆိုတုပ်က ပို၍ တည်မြဲသည် ကို ရှာကြည့်ပါမည်။


 a)   8O16 and 8O17                    b)  17Cl35 and 17 Cl36                      c) 20Ca40 and 20 Ca45

a)                                          8O16                                           8O17
         ပရိုတွန်=8 (စုံ)                               ပရိုတွန်=8 (စုံ)
         နူထရွန်=16-8=8 (စုံ)                      နူထရွန်=17-8=9 (မ)

8O16 နှင့်  8O17 တို့တွင် “စုံစုံ” ဖြစ်သော 8O16 ကပို၍ တည်မြဲပါသည်။
b)  
                                  17Cl35                                                               17 Cl36               
ပရိုတွန်=17 (မ)                                      ပရိုတွန်=17 (မ)
နူထရွန်=18 (စုံ)                                    နူထရွန်=19 (မ)

17Cl35 and 17 Cl36 တို့တွင် “မစုံ” ဖြစ်သော 17Cl35 ကပို၍ တည်မြဲပါသည်။


2 , 8, 20, 28, 50, 82, 126 စသော ဂဏန်းများကို မှော်ဂဏန်းများ (magic numbers) ဟုခေါ်ပါသည်။ ဆိုလိုသည်မှာ ၎င်းဂဏန်းများနှင့် ကိုက်ညီသော ပရိုတွန်အရေအတွက် သို့မဟုတ် နူထရွန် အရေအတွက် ရှိသည့် nucleus များသည် အတည်မြဲဆုံးဖြစ်သည်။ 
ဥပမာ-          2He4                                              8O16    
              ပရိုတွန်=2                              ပရိုတွန်=8         
             နူထရွန်=2                            နူထရွန်=8
       
                20Ca40                                          82Pb208
            ပရိုတွန်=20                           ပရိုတွန်=82
           နူထရွန်=20                          နူထရွန်=126   
         
 ဤဆိုဒ်များမှကောက်နူတ်သည်
ဆိုဒ် (၁)
ဆိုဒ်(၂) 
ဆိုဒ် (၃)  

21 September 2010

Nuclear notes

နူထရွန်၊ပရိုတွန်၊အီလက်ထရွန် အရေအတွက်ရှာရန် 















 အက်တမ်အလေးချိန် (mass number)=35
  အက်တမ်အမှတ်စဉ်(atomic number)=17
    ပရိုတွန်အရေအတွက်(no of proton)=17
အီလက်ထရွန်အရေအတွက်(no of electron)=17
        နူထရွန်အရေအတွက်(no of neutron)=အက်တမ်အလေးချိန် - အက်တမ်အမှတ်စဉ်
                                                         =35-17
                                                         =18
Isotopes (11H,21H,31H)
ပရိုတွန်အရေအတွက်တူပြီး နူထရွန်အရေအတွက်မတူသော အမျိုးအစားတူ ဒြပ်စင်များကို အိုင်ဆိုတုပ်ဟုခေါ်သည်။
(atomic number တူညီသောကြောင့် ဒြပ်စင်အမျိုးအစားတူညီသည်။)

Isobars(9942Mo,9943Tc)
အက်တမ်အလေးချိန်(atomis mass) တူညီပြီး အက်တမ်အမှတ်စဉ် (atomic number) မတူသော nuclides များကို အိုင်ဆိုဘား ဟုခေါ်သည်။
(atomic number မတူညီသောကြောင့် ဒြပ်စင်အမျိုးအစားမတူညီပါ။)

Isotones(188O,199F)
နူထရွန်အရေအတွက်တူညီသော nuclides များကို အိုင်ဆိုတုန်း ဟုခေါ်သည်။

Isomers(99m43Tc,9943Tc)
Energy state မတူညီသော nuclides များကို အိုင်ဆိုမာ ဟုခေါ်သည်။
Energy level   99m43Tc  >  9943Tc



10 September 2010

Radioactive decay

           ရေဒီယိုသတ္တိကြွပျက်စီးယို့ယွင်းခြင်းဆိုသည်မှာ မတည်မြဲသော နူကလိယ (unstable nucleus) အတွင်းမှ ရေဒီယိုသတ္တိကြွအမူန်များ (အယ်လ်ဖာ၊ ဘီတာ) သို့မဟုတ် ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည် (ဂါမာရောင်ခြည်) များ အလိုအလျောက် ထုတ်လွှတ်နေခြင်းဖြစ်သည်။
Radioactive decay  ဖြစ်စဉ် သုံးမျိုးရှိပါသည်။

1)Beta decay
2)Alpha decay
3)Gamma decay

Beta decay
           Beta decay ဆိုသည်မှာ မတည်မြဲသော nucleus (unstable nucleus)အတွင်းမှ ဘီတာအမှုန် ကိုထုတ်လွှတ်ခြင်းအားဖြင့် ၎င်းထက်ပို၍တည်မြဲသော  nucleus အဖြစ်သို့ ပြောင်းလဲသွားသော ဖြစ်စဉ် ဖြစ်ပါသည်။
Beta decay တွင် decay ဖြစ်မည့် unstable nucleus ၏ နူထရွန်အရေအတွက်ပေါ်မူတည်၍ ဖြစ်စဉ်သုံးမျိုး ဖြစ်ပွားနိုင်သည်။၎င်းဖြစ်စဉ်သုံးမျိုးမှာ

a)  βdecay
b)  β+ decay
c)   electron capture  တို့ဖြစ်ပါသည်။
              
     β decay  ဖြစ်စဉ်သည် နူထရွန်အရေအတွက်များသော unstable nucleus များတွင် ဖြစ်ပွားပါသည်။ ၎င်း nucleus အတွင်းမှ နူထရွန်တစ်လုံးသည် ပရိုတွန် နှင့် အီလက်ထရွန်အဖြစ်သို့ ပြောင်းလဲသွားပြီး အီလက်ထရွန်ကို β အမူန်အဖြစ် ထုတ်လွှတ်ပါသည်။ထိုအခြေအနေတွင် nucleus အတွင်း၌ ပရိုတွန်တစ်လုံး ပိုသွားသောကြောင့် မူရင်း nucleus ထက် ပရိုတွန်တစ်လုံးပိုများသော ပို၍တည်မြဲသော nucleus အသစ် ဖြစ်ပေါ်လာသည်။

                                        146     β      147N      +   e +    Ve
                    ပရိုတွန်= 6                         ပရိုတွန်= 7
                    နူထရွန်= 8                        နူထရွန်= 7

အထက်ပါ ညီမျှခြင်းတွင် ကာဗွန်-14 မှ β decay ဖြစ်ခြင်းအားဖြင့် ၎င်းထက် ပရိုတွန်တစ်လုံးပိုများသော နိုက်ထရိုဂျင်အဖြစ်သို့ ပြောင်းလဲသွားသောဖြစ်စဉ် ဖြစ်ပါသည်။ထိုနေရာတွင် နိုက်ထရိုဂျင်သည် stable nucleus ဖြစ်သောကြောင့် decay ဖြစ်စဉ်သည် ဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ ထိုနေရာ၌သာ အဆုံးသတ်ပါသည်။

               β+ decay နှင့် electron capture (အီလက်ထရွန်ဖမ်းယူခြင်း) ဖြစ်စဉ်များသည် နူထရွန် အရေ အတွက် နည်းသော unstable nucleus များတွင် ဖြစ်ပွားပါသည်။ β+ decay ဖြစ်စဉ်တွင် unstable nucleusအတွင်းမှ ပရိုတွန်တစ်လုံးသည် နူထရွန် နှင့် ပိုဆီထရွန်အဖြစ်သို့ ပြောင်းလဲသွားပြီး ပိုဆီထရွန်ကို β+ အမူန်အဖြစ် ထုတ်လွှတ်ပါသည်။ ထိုအခြေအနေတွင် nucleus အတွင်း၌ ပရိုတွန်တစ်လုံး လျော့နည်းသွားသောကြောင့် မူရင်း nucleus ထက် ပရိုတွန်တစ်လုံး လျော့နည်းသော ပို၍တည်မြဲသော nucleus အသစ် ဖြစ်ပေါ်ပါသည်။

                      189F        β+          188O   +   e+  +  V
         ပရိုတွန်=9                   97%              ပရိုတွန်=8
         နူထရွန်=9                                      နူထရွန်=10

      အထက်ပါ ညီမျှခြင်းတွင် ဖလူအိုရင်း-18 မှ β+ decay ဖြစ်ခြင်းအားဖြင့် ၎င်းထက် ပရိုတွန်တစ်လုံးပိုနည်းသော အောက်ဆီဂျင်အဖြစ်သို့ ပြောင်းလဲသွားသောဖြစ်စဉ် ဖြစ်ပါသည်။ ထိုနေရာတွင်လည်း အောက်ဆီဂျင်သည် stable nucleus ဖြစ်သောကြောင့် decay ဖြစ်စဉ် ဆက်လက်ဖြစ်ပွားနိုင်ခြင်းမရှိပေ။
β+ decay ဖြစ်စဉ်တွင် ပရိုတွန်တစ်လုံးမှ ပိုဆီထရွန်အဖြစ်သို့ ပြောင်းလဲသွားရန်  nucleus အတွင်းတွင် စွမ်းအင်လိုအပ်ပါသည်။ အကယ်၍ ပရိုတွန်မှ ပိုဆီထရွန်သို့ ပြောင်းလဲရန် nucleus အတွင်းတွင် လုံလောက်သောစွမ်းအင်မရှိခဲ့ပါက β+ decay ဖြစ်စဉ် ဖြစ်ပွားနိုင်ခြင်းမရှိဘဲ အီလက်ထရွန်ဖမ်းယူခြင်း (electron capture) ဖြစ်စဉ် ဖြစ်ပွားပါသည်။
                        
                            189F + e-    3%            188O  +   Ve

အထက်ပါ ညီမမျှခြင်းနှစ်ကြောင်းကို နိုင်းယှဉ်ကြည့်လျှင် ဖလူအိုရင်း-18 သည် 97% မှာ β+ decay ဖြစ်ပွားနိုင်ပြီး 3% မှာ အီလက်ထရွန်ဖမ်းယူခြင်း ဖြစ်စဉ် ဖြစ်ပွားနိုင်ပါသည်။အီလက်ထရွန်ဖမ်းယူခြင်း ဖြစ်စဉ်ဆိုသည်မှာ nucleus မှ ၎င်းနှင့်အနီးဆုံး အီလက်ထရွန်ပတ်လမ်း (K-ပတ်လမ်း) မှာရှိသော အီလက်ထရွန်တစ်လုံးကို ဖမ်းယူခြင်းအားဖြင့် decay ဖြစ်ခြင်းကို ဆိုလိုပါသည်။ K-ပတ်လမ်းမှ အီလက်ထရွန်ကို ဖမ်းယူပြီး decayဖြစ်သောကြောင့် ၎င်းဖြစ်စဉ်ကို K-capture decay ဟုလည်းခေါ်ဆိုပါသည်။
βdecay  နှင့်  β+decay  ဖြစ်စဉ်များတွင် အက်တမ်များ၏ nucleus အတွင်း နူထရွန်/ ပရိုတွန် အရေအတွက် အတိုးအလျော့ ပြောင်းလဲမူ့ရှိသော်လည်း decay ဖြစ်ပြီးသွားသောအခါ ၎င်းအမူန်များ(နူထရွန်၊ပရိုတွန်)၏ အရေအတွက်စုစုပေါင်းသည် အမြဲတမ်းထပ်တူကျသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ decay ဖြစ်သောအက်တမ်      များ၏ mass number များ ပြောင်းလဲခြင်းမရှိသောကြောင့်ဖြစ်သည်။

Notesβ ,e- တို့သည် ဓါတ်မသတ္တိတန်ဘိုး (-1) ရှိသော အီလက်ထရွန်ကို ကိုယ်စားပြုပါသည်။
β+,e+သည် အီလက်ထရွန်နဲ့ဆန်ကျင်ဘက် ဓါတ်ဖိုသတ္တိ (+1) ရှိပြီး e+ကို ပိုဆီထရွန် (positron)      ဟုခေါ်ပါသည်။
­Ve သည် beta decay ဖြစ်ပွားစဉ် beta အမူန်နှင့်အတူ nucleus အတွင်းမှထွက်လာသော အလွန်သေးငယ်သော ဓါတ်မဲ့အမှုန်အမျိုးအစားဖြစ်ပြီး neutrino ဟုခေါ်ပါသည်။
            Ve သည် neutrino ၏ဆန့်ကျင်ဘက်ဖြစ်ပြီး anti-neutrino ဟုခေါ်ပါသည်။ ၎င်းသည်လည်း 
          ဓါတ်မဲ့အမှုန်အမျိုးအစားဖြစ်ပါသည်။                             

Alpha decay

             Alpha decay ဖြစ်စဉ်သည် ပရိုတွန်/နူထရွန် အချိုး မြင့်မားသော unstable nucleus များတွင်သာ ဖြစ်ပွားပါသည်။ Alpha decay ဆိုသည်မှာ unstable nucleus များအတွင်းမှ အယ်လ်ဖာအမူန်များ ထုတ်လွှတ်ခြင်းအားဖြင့် ပို၍တည်မြဲသော nucleus အဖြစ်သို့ ပြောင်းလဲသွားသော ဖြစ်စဉ်ဖြစ်ပါသည်။ အယ်လ်ဖာ အမှုန်သည် ဟီလီယံ(42He)၏  nucleus နှင့် အတူတူပင်ဖြစ်ပြီးပရိုတွန် ၂လုံးပိုင် ဆိုင်ပါသည်။ ထို့ကြောင့် Alpha decay ဖြစ်စဉ်တွင် decay ဖြစ်သော nucleus မှ ပရိုတွန်နှစ်လုံး ဆုံးရှုံးပြီး ၎င်းထက်ပရိုတွန်နှစ်လုံး လျော့နည်းသော ပို၍တည်မြဲသော nucleus အသစ် ဖြစ်ပေါ်ပါသည်။

             22688Ra                  22286Rn    +        42He
        ပရိုတွန်=88                ပရိုတွန်=86
        နူထရွန်=138              နူထရွန်=136
          22286Rn                    21884Pb      +          42He
  
   အထက်ပါ ညီမျှခြင်းတွင် radium-225 သည် Alpha decay ဖြစ်ခြင်းအားဖြင့် ပရိုတွန်နှစ်လုံး ဆုံးရူံးသွားပြီး radon-222 အဖြစ်သို့ပြောင်းသွားပါသည်။ သို့သော် radon-222 သည်လည်း stable nucleus မဟုတ်သည့်  အတွက် decay ဖြစ်စဉ် ဆက်လက်ဖြစ်ပွားပြီး radon-222 မှ lead-218 အဖြစ်သို့ ပြောင်းသွားပါသည်။ lead-218သည် stable nucleus ဖြစ်သောကြောင့် decay ဖြစ်စဉ်သည် ထိုနေရာ၌ အဆုံးသတ်ပါသည်။ဤသည်ကို ကြည့်ခြင်းအားဖြင့် decay ဖြစ်ခြင်းဆိုသည်မှာ unstable အဆင့်မှ stable အဆင့်ရောက်သည်အထိ အဆင့်ဆင့်ဖြစ်ပွားကြောင်းကို နားလည်နိုင်ပေသည်။ ထိုကဲ့သို့ အဆင့်ဆင့်ဖြစ်ပွားသော decay ဖြစ်စဉ်ကြီးကို decay chain ဟုခေါ်ပါသည်။ အထက်ပါ ညီမျှခြင်းနှစ်ကြောင်းကို အောက်ပါအတိုင်း တစ်ကြောင်းထဲ ပေါင်း၍ ရေးသားနိုင်ပါသည်။

                               22688Ra        ∞      22286Rn      ∞         21884Pb     +          42He

မြှားပေါ်မှ အယ်လ်ဖာသင်္ကေတသည် alpha decay ဖြစ်ကြောင်းကို ပြသပြီး 42He သည် အယ်လ်ဖာ အမှုန်ကို ကိုယ်စားပြုပါသည်။

Gamma decay

     Gamma decay သည် စွမ်းအင်မြင့်သော unstable nucleus များတွင်ဖြစ်ပွားပါသည်။ unstable nucleus အတွင်းမှ စွမ်းအင်အမြောက်အများကို Gamma ray အဖြစ်ထုတ်လွှတ်ခြင်းအားဖြင့် stable nucleus အဖြစ်သို့ ကူးပြောင်းသွားခြင်းဖြစ်ပါသည်။ Gamma decay ဖြစ်စဉ်တွင် nucleus အတွင်းရှိ ပရိုတွန်နှင့် နူထရွန်အရေအတွက် ပြောင်းလဲခြင်းမရှိသောကြောင့် ဒြပ်စင်အမျိုးအစားလဲ ပြောင်းလဲခြင်းမရှိပါ။

                99m43Tc                      9943Tc +   00γ

အထက်ပါ ညီမျှခြင်းတွင် metastable အခြေအနေတွင်ရှိသော Technetium-99m သည် စွမ်းအင်များကို gamma-ray အဖြစ်ဆုံးရှုံးသွားပြီး stable အဆင့်တွင်ရှိသော Technetium-99 အဖြစ်သို့ ကူးပြောင်းသွားခြင်း
ဖြစ်ပါသည်။


                                   alpha,beta,gamma တို့၏ဖောက်ထွင်းနိုင်မူ့ကိုသရုပ်ပြပုံ

   အထက်ပါပုံတွင် အယ်လ်ဖာအမှုန်သည် ဖောက်ထွင်းနိုင်မူ့ အနည်းဆုံးဖြစ်ပြီး ၎င်းကို စက္ကူ တစ်ရွက်ဖြင့်ပင် တားဆီးနိုင်သည်။ ဘီတာအမှုန်သည် အယ်လ်ဖာအမှုန်ထက် ဖောက်ထွင်းအားပိုကောင်းပြီး ၎င်းကို အလူမိနီယမ်ပြားဖြင့် တားဆီးနိုင်သည်။ ဂါမာရောင်ခြည်သည် ဖောက်ထွင်းအား အကောင်းဆုံး ဖြစ်ပြီး ၎င်းကို ထူထဲသော ကွန်ကရစ်တုံးဖြင့်တားဆီးနိုင်သည်။ ဖောက်ထွင်းနိုင်မူ့သည် စွမ်းအင် အနည်းအများအပေါ်မူတည်သည်။ စွမ်းအင်များသောကြောင့် ဖောက်ထွင်းအားကောင်းခြင်းဖြစ်သည်။ ထို့ကြောင့် အယ်လ်ဖာ၊ ဘီတာ ၊ ဂါမာ သုံးမျိုးတွင် ဂါမာရောင်ခြည်သည် စွမ်းအင်အများဆုံး ၊ ဘီတာသည် အလည်အလတ် ၊ အယ်လ်ဖာသည် စွမ်းအင်အနည်းဆုံးဖြစ်သည်။

          ဖောက်ထွင်းနိုင်မူ့(penetrating power)
          အယ်လ်ဖာ   <  ဘီတာ  <   ဂါမာ