ရေဒီယိုသတ္တိကြွပျက်စီးယို့ယွင်းခြင်းဆိုသည်မှာ မတည်မြဲသော နူကလိယ (unstable nucleus) အတွင်းမှ ရေဒီယိုသတ္တိကြွအမူန်များ (အယ်လ်ဖာ၊ ဘီတာ) သို့မဟုတ် ရေဒီယိုသတ္တိကြွဓါတ်ရောင်ခြည် (ဂါမာရောင်ခြည်) များ အလိုအလျောက် ထုတ်လွှတ်နေခြင်းဖြစ်သည်။
Radioactive decay ဖြစ်စဉ် သုံးမျိုးရှိပါသည်။
1)Beta decay
2)Alpha decay
3)Gamma decay
Beta decay
Beta decay ဆိုသည်မှာ မတည်မြဲသော nucleus (unstable nucleus)အတွင်းမှ ဘီတာအမှုန် ကိုထုတ်လွှတ်ခြင်းအားဖြင့် ၎င်းထက်ပို၍တည်မြဲသော nucleus အဖြစ်သို့ ပြောင်းလဲသွားသော ဖြစ်စဉ် ဖြစ်ပါသည်။
Beta decay တွင် decay ဖြစ်မည့် unstable nucleus ၏ နူထရွန်အရေအတွက်ပေါ်မူတည်၍ ဖြစ်စဉ်သုံးမျိုး ဖြစ်ပွားနိုင်သည်။၎င်းဖြစ်စဉ်သုံးမျိုးမှာ
a) β− decay
b) β+ decay
c) electron capture တို့ဖြစ်ပါသည်။
β− decay ဖြစ်စဉ်သည် နူထရွန်အရေအတွက်များသော unstable nucleus များတွင် ဖြစ်ပွားပါသည်။ ၎င်း nucleus အတွင်းမှ နူထရွန်တစ်လုံးသည် ပရိုတွန် နှင့် အီလက်ထရွန်အဖြစ်သို့ ပြောင်းလဲသွားပြီး အီလက်ထရွန်ကို β− အမူန်အဖြစ် ထုတ်လွှတ်ပါသည်။ထိုအခြေအနေတွင် nucleus အတွင်း၌ ပရိုတွန်တစ်လုံး ပိုသွားသောကြောင့် မူရင်း nucleus ထက် ပရိုတွန်တစ်လုံးပိုများသော ပို၍တည်မြဲသော nucleus အသစ် ဖြစ်ပေါ်လာသည်။
146C β− 147N + e− + Ve
ပရိုတွန်= 6 ပရိုတွန်= 7
နူထရွန်= 8 နူထရွန်= 7
အထက်ပါ ညီမျှခြင်းတွင် ကာဗွန်-14 မှ β− decay ဖြစ်ခြင်းအားဖြင့် ၎င်းထက် ပရိုတွန်တစ်လုံးပိုများသော နိုက်ထရိုဂျင်အဖြစ်သို့ ပြောင်းလဲသွားသောဖြစ်စဉ် ဖြစ်ပါသည်။ထိုနေရာတွင် နိုက်ထရိုဂျင်သည် stable nucleus ဖြစ်သောကြောင့် decay ဖြစ်စဉ်သည် ဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ ထိုနေရာ၌သာ အဆုံးသတ်ပါသည်။
β+ decay နှင့် electron capture (အီလက်ထရွန်ဖမ်းယူခြင်း) ဖြစ်စဉ်များသည် နူထရွန် အရေ အတွက် နည်းသော unstable nucleus များတွင် ဖြစ်ပွားပါသည်။ β+ decay ဖြစ်စဉ်တွင် unstable nucleusအတွင်းမှ ပရိုတွန်တစ်လုံးသည် နူထရွန် နှင့် ပိုဆီထရွန်အဖြစ်သို့ ပြောင်းလဲသွားပြီး ပိုဆီထရွန်ကို β+ အမူန်အဖြစ် ထုတ်လွှတ်ပါသည်။ ထိုအခြေအနေတွင် nucleus အတွင်း၌ ပရိုတွန်တစ်လုံး လျော့နည်းသွားသောကြောင့် မူရင်း nucleus ထက် ပရိုတွန်တစ်လုံး လျော့နည်းသော ပို၍တည်မြဲသော nucleus အသစ် ဖြစ်ပေါ်ပါသည်။
189F β+ 188O + e+ + Ve
ပရိုတွန်=9 97% ပရိုတွန်=8
နူထရွန်=9 နူထရွန်=10
အထက်ပါ ညီမျှခြင်းတွင် ဖလူအိုရင်း-18 မှ β+ decay ဖြစ်ခြင်းအားဖြင့် ၎င်းထက် ပရိုတွန်တစ်လုံးပိုနည်းသော အောက်ဆီဂျင်အဖြစ်သို့ ပြောင်းလဲသွားသောဖြစ်စဉ် ဖြစ်ပါသည်။ ထိုနေရာတွင်လည်း အောက်ဆီဂျင်သည် stable nucleus ဖြစ်သောကြောင့် decay ဖြစ်စဉ် ဆက်လက်ဖြစ်ပွားနိုင်ခြင်းမရှိပေ။
β+ decay ဖြစ်စဉ်တွင် ပရိုတွန်တစ်လုံးမှ ပိုဆီထရွန်အဖြစ်သို့ ပြောင်းလဲသွားရန် nucleus အတွင်းတွင် စွမ်းအင်လိုအပ်ပါသည်။ အကယ်၍ ပရိုတွန်မှ ပိုဆီထရွန်သို့ ပြောင်းလဲရန် nucleus အတွင်းတွင် လုံလောက်သောစွမ်းအင်မရှိခဲ့ပါက β+ decay ဖြစ်စဉ် ဖြစ်ပွားနိုင်ခြင်းမရှိဘဲ အီလက်ထရွန်ဖမ်းယူခြင်း (electron capture) ဖြစ်စဉ် ဖြစ်ပွားပါသည်။
189F + e- 3% 188O + Ve
အထက်ပါ ညီမမျှခြင်းနှစ်ကြောင်းကို နိုင်းယှဉ်ကြည့်လျှင် ဖလူအိုရင်း-18 သည် 97% မှာ β+ decay ဖြစ်ပွားနိုင်ပြီး 3% မှာ အီလက်ထရွန်ဖမ်းယူခြင်း ဖြစ်စဉ် ဖြစ်ပွားနိုင်ပါသည်။အီလက်ထရွန်ဖမ်းယူခြင်း ဖြစ်စဉ်ဆိုသည်မှာ nucleus မှ ၎င်းနှင့်အနီးဆုံး အီလက်ထရွန်ပတ်လမ်း (K-ပတ်လမ်း) မှာရှိသော အီလက်ထရွန်တစ်လုံးကို ဖမ်းယူခြင်းအားဖြင့် decay ဖြစ်ခြင်းကို ဆိုလိုပါသည်။ K-ပတ်လမ်းမှ အီလက်ထရွန်ကို ဖမ်းယူပြီး decayဖြစ်သောကြောင့် ၎င်းဖြစ်စဉ်ကို K-capture decay ဟုလည်းခေါ်ဆိုပါသည်။
β−decay နှင့် β+decay ဖြစ်စဉ်များတွင် အက်တမ်များ၏ nucleus အတွင်း နူထရွန်/ ပရိုတွန် အရေအတွက် အတိုးအလျော့ ပြောင်းလဲမူ့ရှိသော်လည်း decay ဖြစ်ပြီးသွားသောအခါ ၎င်းအမူန်များ(နူထရွန်၊ပရိုတွန်)၏ အရေအတွက်စုစုပေါင်းသည် အမြဲတမ်းထပ်တူကျသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ decay ဖြစ်သောအက်တမ် များ၏ mass number များ ပြောင်းလဲခြင်းမရှိသောကြောင့်ဖြစ်သည်။
Notes :β− ,e- တို့သည် ဓါတ်မသတ္တိတန်ဘိုး (-1) ရှိသော အီလက်ထရွန်ကို ကိုယ်စားပြုပါသည်။
β+,e+သည် အီလက်ထရွန်နဲ့ဆန်ကျင်ဘက် ဓါတ်ဖိုသတ္တိ (+1) ရှိပြီး e+ကို ပိုဆီထရွန် (positron) ဟုခေါ်ပါသည်။
Ve သည် beta decay ဖြစ်ပွားစဉ် beta အမူန်နှင့်အတူ nucleus အတွင်းမှထွက်လာသော အလွန်သေးငယ်သော ဓါတ်မဲ့အမှုန်အမျိုးအစားဖြစ်ပြီး neutrino ဟုခေါ်ပါသည်။
Ve သည် neutrino ၏ဆန့်ကျင်ဘက်ဖြစ်ပြီး anti-neutrino ဟုခေါ်ပါသည်။ ၎င်းသည်လည်း
ဓါတ်မဲ့အမှုန်အမျိုးအစားဖြစ်ပါသည်။
Alpha decay
Alpha decay ဖြစ်စဉ်သည် ပရိုတွန်/နူထရွန် အချိုး မြင့်မားသော unstable nucleus များတွင်သာ ဖြစ်ပွားပါသည်။ Alpha decay ဆိုသည်မှာ unstable nucleus များအတွင်းမှ အယ်လ်ဖာအမူန်များ ထုတ်လွှတ်ခြင်းအားဖြင့် ပို၍တည်မြဲသော nucleus အဖြစ်သို့ ပြောင်းလဲသွားသော ဖြစ်စဉ်ဖြစ်ပါသည်။ အယ်လ်ဖာ အမှုန်သည် ဟီလီယံ(42He)၏ nucleus နှင့် အတူတူပင်ဖြစ်ပြီးပရိုတွန် ၂လုံးပိုင် ဆိုင်ပါသည်။ ထို့ကြောင့် Alpha decay ဖြစ်စဉ်တွင် decay ဖြစ်သော nucleus မှ ပရိုတွန်နှစ်လုံး ဆုံးရှုံးပြီး ၎င်းထက်ပရိုတွန်နှစ်လုံး လျော့နည်းသော ပို၍တည်မြဲသော nucleus အသစ် ဖြစ်ပေါ်ပါသည်။
22688Ra 22286Rn + 42He
ပရိုတွန်=88 ပရိုတွန်=86
နူထရွန်=138 နူထရွန်=136
22286Rn 21884Pb + 42He
အထက်ပါ ညီမျှခြင်းတွင် radium-225 သည် Alpha decay ဖြစ်ခြင်းအားဖြင့် ပရိုတွန်နှစ်လုံး ဆုံးရူံးသွားပြီး radon-222 အဖြစ်သို့ပြောင်းသွားပါသည်။ သို့သော် radon-222 သည်လည်း stable nucleus မဟုတ်သည့် အတွက် decay ဖြစ်စဉ် ဆက်လက်ဖြစ်ပွားပြီး radon-222 မှ lead-218 အဖြစ်သို့ ပြောင်းသွားပါသည်။ lead-218သည် stable nucleus ဖြစ်သောကြောင့် decay ဖြစ်စဉ်သည် ထိုနေရာ၌ အဆုံးသတ်ပါသည်။ဤသည်ကို ကြည့်ခြင်းအားဖြင့် decay ဖြစ်ခြင်းဆိုသည်မှာ unstable အဆင့်မှ stable အဆင့်ရောက်သည်အထိ အဆင့်ဆင့်ဖြစ်ပွားကြောင်းကို နားလည်နိုင်ပေသည်။ ထိုကဲ့သို့ အဆင့်ဆင့်ဖြစ်ပွားသော decay ဖြစ်စဉ်ကြီးကို decay chain ဟုခေါ်ပါသည်။ အထက်ပါ ညီမျှခြင်းနှစ်ကြောင်းကို အောက်ပါအတိုင်း တစ်ကြောင်းထဲ ပေါင်း၍ ရေးသားနိုင်ပါသည်။
22688Ra ∞ 22286Rn ∞ 21884Pb + 42He
မြှားပေါ်မှ အယ်လ်ဖာသင်္ကေတသည် alpha decay ဖြစ်ကြောင်းကို ပြသပြီး 42He သည် အယ်လ်ဖာ အမှုန်ကို ကိုယ်စားပြုပါသည်။
Gamma decay
Gamma decay သည် စွမ်းအင်မြင့်သော unstable nucleus များတွင်ဖြစ်ပွားပါသည်။ unstable nucleus အတွင်းမှ စွမ်းအင်အမြောက်အများကို Gamma ray အဖြစ်ထုတ်လွှတ်ခြင်းအားဖြင့် stable nucleus အဖြစ်သို့ ကူးပြောင်းသွားခြင်းဖြစ်ပါသည်။ Gamma decay ဖြစ်စဉ်တွင် nucleus အတွင်းရှိ ပရိုတွန်နှင့် နူထရွန်အရေအတွက် ပြောင်းလဲခြင်းမရှိသောကြောင့် ဒြပ်စင်အမျိုးအစားလဲ ပြောင်းလဲခြင်းမရှိပါ။
99m43Tc 9943Tc + 00γ
အထက်ပါ ညီမျှခြင်းတွင် metastable အခြေအနေတွင်ရှိသော Technetium-99m သည် စွမ်းအင်များကို gamma-ray အဖြစ်ဆုံးရှုံးသွားပြီး stable အဆင့်တွင်ရှိသော Technetium-99 အဖြစ်သို့ ကူးပြောင်းသွားခြင်း
alpha,beta,gamma တို့၏ဖောက်ထွင်းနိုင်မူ့ကိုသရုပ်ပြပုံ
ဖောက်ထွင်းနိုင်မူ့(penetrating power)
အယ်လ်ဖာ < ဘီတာ < ဂါမာ
အထက်ပါပုံတွင် အယ်လ်ဖာအမှုန်သည် ဖောက်ထွင်းနိုင်မူ့ အနည်းဆုံးဖြစ်ပြီး ၎င်းကို စက္ကူ တစ်ရွက်ဖြင့်ပင် တားဆီးနိုင်သည်။ ဘီတာအမှုန်သည် အယ်လ်ဖာအမှုန်ထက် ဖောက်ထွင်းအားပိုကောင်းပြီး ၎င်းကို အလူမိနီယမ်ပြားဖြင့် တားဆီးနိုင်သည်။ ဂါမာရောင်ခြည်သည် ဖောက်ထွင်းအား အကောင်းဆုံး ဖြစ်ပြီး ၎င်းကို ထူထဲသော ကွန်ကရစ်တုံးဖြင့်တားဆီးနိုင်သည်။ ဖောက်ထွင်းနိုင်မူ့သည် စွမ်းအင် အနည်းအများအပေါ်မူတည်သည်။ စွမ်းအင်များသောကြောင့် ဖောက်ထွင်းအားကောင်းခြင်းဖြစ်သည်။ ထို့ကြောင့် အယ်လ်ဖာ၊ ဘီတာ ၊ ဂါမာ သုံးမျိုးတွင် ဂါမာရောင်ခြည်သည် စွမ်းအင်အများဆုံး ၊ ဘီတာသည် အလည်အလတ် ၊ အယ်လ်ဖာသည် စွမ်းအင်အနည်းဆုံးဖြစ်သည်။
ဖောက်ထွင်းနိုင်မူ့(penetrating power)
အယ်လ်ဖာ < ဘီတာ < ဂါမာ
0 comments:
Post a Comment