Nucleus ထဲတွင် ပရိုတွန် နှင့် နူထရွန် ဟူသော အမူန်နှစ်မျိုး ပါဝင်ဖွဲ့စည်းထားပါသည်။၎င်း အမူန်နှစ်မျိုးကို nucleons ဟုခေါ်ပါသည်။ nucleusများ အဘယ့်ကြောင့် မတည်မြဲရသနည်း? အဘယ့်ကြောင့်ဆိုသော် nucleus ထဲ၌ ဖွဲ့စည်းထားသော nucleons နှစ်မျိုးမှ ပရိုတွန် (သို့) နူထရွန် အရေအတွက်များလွန်းနေသည့်အခါ nucleus အတွင်းမှ ရေဒီယိုသတ္တိကြွ အမူန်များ (radioactive particles-အယ်လ်ဖာ၊ဘီတာ) သို့မဟုတ် ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည်(radioactive rays-ဂါမာရောင်ခြည်) များထုတ်လွှတ်ခြင်းအားဖြင့် ပျက်ဆီးယို့ယွင်းခြင်း ဖြစ်ပွားပါသည်။ ထိုသို့ ပျက်စီး ယိုယွင်းခြင်းကို ရေဒီယိုသတ္တိကြွ ပျက်စီးယိုယွင်းခြင်း (radioactive decay ) ဟုခေါ်ပါသည်။ ထို့ကြောင့် nucleus များမတည်မြဲခြင်းသည် ရေဒီယိုသတ္တိကြွခြင်းနှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။ မတည်မြဲသော nucleus များတွင်သာ ရေဒီယိုသတ္တိကြွမူ့ ဖြစ်ပွားနိုင်သည်။ တည်မြဲသော nucleus များတွင် ရေဒီယိုသတ္တိကြွမူ့ ဖြစ်ပွားခြင်းမရှိပါ။ ပို၍တည်မြဲလေလေ ရေဒီယိုသတ္တိကြွမှု့နည်းလေလေဖြစ်သည်။
unstable nucleus=radioactive
stable nucleus=non-radioactive
ဤသို့ဆိုလျှင် nucleus များ၏ တည်မြဲနိုင်မူ့ (nuclear stability) သည် ၎င်းတို့ထဲတွင် ပါဝင်ဖွဲ့စည်းထားသော ပရိုတွန်နှင့် နူထရွန်တို့၏ အရေအတွက်အပေါ်တွင် အဓိက မူတည်နေသည်ဟု ယူဆနိုင်ပါသည်။ နူထရွန်/ပရိုတွန် တို့၏ အရေအတွက် အချိုးကိုကြည့်ပြီး nucleus များ၏ တည်မြဲနိုင်မူ့ (nuclear stability) ကို တွက်ဆနိုင်သလို ၎င်း nucleus များတွင် ဖြစ်ပွားသော decay အမျိုးအစားများကိုလည်း ခွဲခြားသိရှိနိုင်သည်။
ပုံတွင် nucleus ထဲတွင်ရှိသော ပရိုတွန်နှင့်နူထရွန် အရေအတွက်တို့ကို graphဆွဲထားခြင်း ဖြစ်ပါသည်။
အထက်ပါပုံတွင် အနီရောင်မျဉ်းသည် တည်မြဲဇုံ (stable zone) ဖြစ်ပါသည်။ တည်မြဲဇုံ တလျှောက်တွင် ရှိသော nucleus များသည် ရေဒီယိုသတ္တိကြွမှု့မရှိသော stable nucleus များဖြစ်ပါသည်။ တည်မြဲဇုံ၏ ဘယ်ဘက်တွင် နူထရွန်အရေအတွက်များသော nucleus များတည်ရှိပြီး β−decay ဖြစ်စဉ်ဖြစ်ပွားပါသည်။ တည်မြဲဇုံ၏ ညာဘက်တွင် ပရိုတွန်အရေအတွက်များသော nucleus များတည်ရှိပြီး အီလက်ထရွန်ဖမ်းယူခြင်း (electron capture) သို့မဟုတ် β+ decay (positron emission) ဖြစ်စဉ်ဖြစ်ပွားပါသည်။ အက်တမ်အမှတ်စဉ် 83 ထက်ကျော်လွန်သော(atomic number>83) nucleus များတွင် ယေဘူယျအားဖြင့် alpha decay ဖြစ်စဉ်ဖြစ်ပွားပါသည်။အက်တမ်အမှတ်စဉ် 20 အောက်ငယ်သော nucleus များ ( ဟိုက်ဒရိုဂျင်မှ ကယ်လ်ဆီယမ်အထိ) ၏ တည်မြဲအမှတ်သည် “1” အနီးတွင်သာရှိသည်။ ၎င်း nucleus များအတွက် နူထရွန်/ပရိုတွန် အချိုးသည် “1”ထက်ကြီးလျှင် သို့မဟုတ် “1”ထက်ငယ်လျှင် မတည်မြဲသော nucleus များဖြစ်ပြီး ရေဒီယိုသတ္တိကြွခြင်းများ ဖြစ်ပွား နိုင်ပါသည်။
6C12 6C14 5B10 5B9
Neutron=6 neutron=8 neutron=5 neutron=4
Proton=6 proton=6 proton=5 proton=5
n/p=6/6 n/p=8/6 n/p=5/5 n/p=4/5
=1 =1.3 =1 =0.8
(stable) (radioactive) (stable) (radioactive)
အက်တမ်အမှတ်စဉ် မြင့်မားလာသည်နှင့်အမျှ တစ်နည်းအားဖြင့် nucleus အရွယ်အစားကြီး လာသည် နှင့်အမျှ နူထရွန်/ပရိုတွန် အချိုးလည်း မြင့်မားလာသည်။ အက်တမ်အမှတ်စဉ်မြင့်မားသော nucleus (heavy nucleus) များအတွက် တည်မြဲအမှတ်သည် “1.6” ဟုသက်မှတ်ထားပါသည်။သို့သော် အလှည့်မှန်ဇယား (periodic table) တွင် အက်တမ်အမှတ်စဉ် 83 (Bi) ၏နောက်တွင်ရှိသော ဒြပ်စင်အားလုံးသည်း ရေဒီယိုသတ္တိကြွဒြပ်စင်များဖြစ်ပြီး ၎င်းတို့အားလုံးတွင် မည်သည့် stable nucleus မှ မရှိပါ။
Nucleus များ၏ တည်မြဲနိုင်မူ့ကို တခြားရိုးရှင်းသော နည်းလမ်းများဖြင့်လည်း ခန့်မှန်း တွက်ချက် နိုင်သည်။ ၎င်းနည်းလမ်းများမှာ
1) နူထရွန် နှင့် ပရိုတွန်အရေအတွက်များကို စုံ နှင့် မ(even and odd) ခွဲခြား၍ nucleus များ၏ တည်မြဲနိုင်မူ့ကိုခန့်မှန်းတွက်ချက်ခြင်း။
2) 2 , 8, 20, 28, 50, 82, 126 စသော ကိန်းဂဏန်းများဖြင့် တည်မြဲသော nucleus များကို သက်မှတ်ထားခြင်း။
ပရိုတွန် နူထရွန် တည်မြဲသော nucleus အရေအတွက် တည်မြဲနိုင်မှု့
မ မ 4 အနည်းဆုံး
မ စုံ 50
စုံ မ 57
စုံ စုံ 168 အများဆုံး
အထက်ပါဇယားတွင် တည်မြဲသော nucleus ပေါင်း 279 မျိုးရှိသည့်အနက် ပရိုတွန်၊နူထရွန် အရေအတွက်နှစ်မျိုးစလုံး “မမ” ဖြစ်သော တည်မြဲသော nucleus အမျိုးအစား 4 မျိုးသာရှိပြီး ပရိုတွန်၊နူထရွန် အရေအတွက်နှစ်မျိုးစလုံး “စုံစုံ” ဖြစ်သော တည်မြဲသော nucleus အမျိုးအစားမှာ 168 မျိုးရှိပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပရိုတွန်၊နူထရွန် အရေအတွက် နှစ်မျိုးစလုံး “မမ” ဖြစ်သော nucleus များသည် တည်မြဲနိုင်မူ့ အနည်းဆုံးဖြစ်၍ ပရိုတွန်၊နူထရွန် အရေအတွက် နှစ်မျိုးစလုံး “စုံစုံ” ဖြစ်သော nucleus များသည် တည်မြဲနိုင်မူ့အများဆုံးဖြစ်ကြောင်း သိရှိနိုင်ပါသည်။အလွယ်နည်းဖြင့် တည်မြဲနိုင်မူ့ အနည်းဆုံးမှ အများဆုံးသို့ (မမ၊မစုံ၊စုံမ၊စုံစုံ) ဟု မှတ်သားနိုင်ပါသည်။
Nucleus များ၏တည်မြဲနိုင်မှု့(nuclear stability)
မမ < မစုံ< စုံမ < စုံစုံ
ဥပမာ- အထက်ပါ “စုံမ” နည်းအရ အောက်ပါအိုင်ဆိုတုပ်များတွင် မည်သည့်အိုင်ဆိုတုပ်က ပို၍ တည်မြဲသည် ကို ရှာကြည့်ပါမည်။
a) 8O16 and 8O17 b) 17Cl35 and 17 Cl36 c) 20Ca40 and 20 Ca45
a) 8O16 8O17
ပရိုတွန်=8 (စုံ) ပရိုတွန်=8 (စုံ)
နူထရွန်=16-8=8 (စုံ) နူထရွန်=17-8=9 (မ)
8O16 နှင့် 8O17 တို့တွင် “စုံစုံ” ဖြစ်သော 8O16 ကပို၍ တည်မြဲပါသည်။
b)
17Cl35 17 Cl36
17Cl35 17 Cl36
ပရိုတွန်=17 (မ) ပရိုတွန်=17 (မ)
နူထရွန်=18 (စုံ) နူထရွန်=19 (မ)
17Cl35 and 17 Cl36 တို့တွင် “မစုံ” ဖြစ်သော 17Cl35 ကပို၍ တည်မြဲပါသည်။
2 , 8, 20, 28, 50, 82, 126 စသော ဂဏန်းများကို မှော်ဂဏန်းများ (magic numbers) ဟုခေါ်ပါသည်။ ဆိုလိုသည်မှာ ၎င်းဂဏန်းများနှင့် ကိုက်ညီသော ပရိုတွန်အရေအတွက် သို့မဟုတ် နူထရွန် အရေအတွက် ရှိသည့် nucleus များသည် အတည်မြဲဆုံးဖြစ်သည်။
ဥပမာ- 2He4 8O16
ပရိုတွန်=2 ပရိုတွန်=8
နူထရွန်=2 နူထရွန်=8
20Ca40 82Pb208
ပရိုတွန်=20 ပရိုတွန်=82
နူထရွန်=20 နူထရွန်=126
0 comments:
Post a Comment